0

ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ။
မာတာပိတု ဂုရု သတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။
ဣမေ ဒသ မဟာဂုဏေ၊ အဟံ ၀န္တာမိ သဗ္ဗဒါ။
     ဗုဒ္ဓါ စ၊ သစ္စာလေးပါး၊ တရားသိမြင်း၊ ဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့သည် လည်းကောင်း။ ပစ္စေကဗုဒ္ဓါ စ၊ ကိုယ်တိုင်သစ္စာ သိပြီးပါလည်း ဟောကာမဲပ သီးခြားရသော ပစ္စေကဗုဒ္ဓါတို့သည် လည်းကောင်း။ အရဟာ စ၊ အာသဝေါ ကုန်ခန်းရဟန္တာအရှင် လည်းကောင်း။ အဂ္ဂသာဝကာ စ၊ လက်ဝဲ, လက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကာတို့ လည်းကောင်း။ မာတာ စ၊ ကိုးလလွယ်ရ ဆယ်လဖွားက အစာ ဆိမ့်အေး နိ့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင် လည်းကောင်း။ ပိတု စ၊ လူလားမြောက်အောင်း။ လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် ဖခင် ကျေးဇူးရှင် လည်းကောင်း။
ခင်ပွန်းကြီးဆယ်ပါး ဘုရားရှိခိုး
 ဂုရု စ၊ ချမ်းသာရန် တွေး ပညာအေးသဖြင့် အလေးမြောက်ပြုအပ်သော ဆရာလည်းကောင်း။ သတ္ထာ စ၊ လိမ္မာစေကြေ ကျိုးကြောင်းပြလျက် ဆုံမပေတတ် ဆရာမြတ်လည်းကောင်း။ ဓမ္မဒေသကာ စ၊ သံသရာစခန်း သွားရာလမ်း၌ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော်မြတ်သူတော်လည်းကောင်း။ ဒါယကာ စ၊ စားရေး, နေရေး, မနှောင့်နှေးရေအောင် ပေးကမ်းတတ်သော သူတို့လည်းကောင်း။ ဣမေ ဒသ မဟာဂုဏေ၊ ကျေးဇူးစုပုံဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူးဤ ဆယ်ဦးသောသူတို့ကို။ အဟံ၊ အကျွနုပ်သည်။ သဗ္ဗဒါ၊ နေ့-ညဥ့်မပြတ် အချင်းခပ်သိမ်း။ ၀န္တာမိ၊ ကျေးဇူးယှက်မြှေး စိမ့်စိမ့်တွေးလျက် မြတ်လေးကြည်ယုံ သဒ္ဓါဟုန်ဖြင့် လက်စုံချီမိုး ပျပ်ဝပ်လျှိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။ 
www.gahtamala.blogspot.com




Subscribe Us

Get free daily email updates!

Follow us!

Post a Comment

 
Top