0
 ဤသို့ပြုရ မြတ်ပုညကို၊ ကြီးထက်မြင်ခေါင်၊ မြင်းမိုရ်တော်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။
မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။
မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေ၀ါယက္ခ၊  ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။
ဆုတောင်း အမျှဝေ | Photo: Buddha Statue Korea
 သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ် စဉ်ကာ၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဒိဋ္ဌိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှ ကုသိုလ်၊ ပေးဝေလို၏။

ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည်၊ ဖြစ်စေသောဝ်။
ဝသုန္ဒရေ၊ ဤမြေပံသု၊ သီလထုလည်း၊ သက်သေအမှု တည်စေသောဝ်၊
အမျှ-အမျှ ပေဝေပါ၏-အမျှ ရကြာသည် ဖြစ်စေသောဝ်။
သာဓု-သာဓု-သာဓု။
Subscribe Us

Get free daily email updates!

Follow us!

Post a Comment

 
Top