3
ရှေးလူးကြီးများ အိပ်ရာဝင်တိုင်း အမြဲမပြတ်ရွတ်ဖတ်သော
စက်ကြီးတစ်ဆယ့်သုံပါး ဘုရားရှိခိုး

 ၁။ ဩောင်း-တစ်ရာ့ရှစ်ကွက်၊ ဗုဒ္ဓစက်။
၂။ တစ်ဆယ့်လေးချက်၊ ဓမ္မစက်။
၃။ တစ်ဆယ့်ရှစ်ချက်၊ သံဃာ့စက်။
၎။ လရောင်ဝင်းလျက်၊ ရှင်ရင်း ပစ္စေကဗုဒ္ဓါ ရဟန္တာစက်။
၅။ မြင်းမိုရ်တော်ဦး၊ မကကြူးလျက်၊ မိ, ဘစက်။
၆။ ဂိုဏ်ကျေးဇူးကို၊ အထူးသိလျက်၊ ဆရာ့စက်။
၇။ ၀ရဇိန်လက်နက်၊ ဗြဟ္မာ့စက်။
၈။ မိုးကြိုးလက်နက်၊ သိကြားစက်။
၉။ လောင်မီးကျလျက်၊ နတ်တို့စက်။
၁၀။ ဘွဲ့ဖြူလက်နက်၊ ဘီလူးစက်။
၁၁။ တောင်ဟုန်ပြင်လျက်၊ ဂဠုန်စက်။
၁၂။ အာခံတွင်းက ၀င်းဝင်းတောက်လျက်၊ နဂါးစက်။
၁၃။ သုံးထောင်သင်္ချာ၊ ဟေမ၀န္တာ၊ အာဏာစိုးလျက်၊ သီဟစက်။
စက်ကြီး ၁၃-ပါး ဘုရားရှိခိုး
စက်ကြီးတစ်ဆယ့်သုံးပါး  ရွတ်သံကြားက၊ ဘေးများမြင်မှု၊ မတောင်းစုကို၊ ဝေးမှ ကြဉ်ရှောင်၊ အောငိစေတတ်သည်၊ မြတ်သည့်ဆရာ ပညာတည်း။

 ဩောင်း-နမော ဗုဒ္ဓါ နုဘာဝေန၊
 ဩောင်း-နမော ဓမ္မာ နုဘာဝေန၊
 ဩောင်း-နမောသံဃာ နုဘာဝေန၊
 ဩောင်း-နမော ဒူရေ-ဒူရေ သွားဟုံဟုံ....။

       အမှာ။ ။သွာဟတိဝါ သွာဟုံဟုံတိဝါ မန္တာဝသာနေ ပဌန္တိ ဇပန္တိ -ဟု ဗျာကရဏ တရင်္ဂီဏီကျမ်းတွင် သွာဟ-သွာဟုံဟုံတို့ကို မန္တန်စုပ်ရာ စကားဆုံ၌ သုံနှုန်းကြောင်း လာရှိသည်။

       ဤစက်ကြီးတစ်ဆယ့်သုံးပါးဂါထာကို ရှေးလူကြီးသူမများ အိပ်ရာဝင်တိုင်း အမြဲမပြတ် ရွတ်ဖတ်ကြ၍ ဘေးဥပဒ်ခပ်သိမ်း ကင်းငြိမ်းစေ၏ဟူလို။

Subscribe Us

Get free daily email updates!

Follow us!

Post a Comment

 
Top