0
ကန်တော့ရန်း 
(၁)ရာဇဂဟေငါးထွေသောင်ညို န်းရံခိုသည့် ပြည်တော် နဂိုရ် ရာဇဂြုဟ် ပုဂ္ဂိုလ် လေးဦးရှစ်ဦးသော အရှင်အဆပွါးကြောင်း ရှစ်သောင်းသောဆရာ အဋ္ဌာရဿ ကိစ္စပြီးစီး ဆယ်ပါးသော သိဒ္ဓိကြီးတို့နှင့် ပြည့်စုံတော်မူသော (၆၉) ပါး တို့၏ တပည့် အကြီး ရှင်မထီး ရှင်အဇ္ဇဂေါဏ၊ ဓမ္မစေတီ မင်းခေါင်၊ ဦးအောင်ရသေ၊ ဆံရှည်ကိုတော်၊ ဦးဓမ္မစာရီ၊ ဆယ်ပါးသော သိဒ္ဓိကြီးတို့နှင် ပြည်စုံတော်မူသော လူဝိဇ္ဇာဓိုရ်၊ နတ်ဝိဇ္ဇာဓိုရ်၊ ဘီလူ ဝိဇ္ဇာဓိုရ်၊ သံ ဝိဇ္ဇာဓိုရ်၊ ပြဒါး ဝိဇ္ဇာဓိုရ်၊ အင်း ဝိဇ္ဇာဓိုရ်၊ စမ ဝိဇ္ဇာဓိုရ်၊ ဆေး ဝိဇ္ဇာဓိုရ်၊ အပေါင်းတို့ကို အစိုးရတော်မူသော ပညာဒိက၊ သဒ္ဒါဒိက၊ ဝီရိယဒိက ဘုရားအလောင်းတော် ယက္ကန်းစင်တောင် ဦးဩဘာသ အရှင်သူမြတ်ဘွဲ့ခံ မဟာမြိုင် စန္ဒာသူရိယ အရှင် သူမြတ်ကို အဟံ ပါရမီ အသင်း တပည့်ရင် ဖြစ်တော်မူသော တပည့်တော်သည် ဝန္ဒေ ဝန္ဒာမိ ရှိခိုး ကန်တော့ပါ၏ အ၇ှင်ဘုရား။
ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်တော်ကြီး ကန်တော့ရန်း

အဘ ဆရာကြီးများ ကန်တော့ရန်း
(၂) အဘဆရာပြူး၊ ဆရာအေး၊ ဆရာပွင့်၊ ဆရာဟန်နှင့်တကွ (၆၉)ပါးသေိာဇ္ဇာဓိုရ်ဆရာကြီးအပေါင်းတို့အား ဆီမီး မိုင် မိုင် အမွှေးတိုင်ဖြင့် ပန်းခိုင်စုံနှော အုန်းငှက်ပျောနှင့် လက်ဖက် ကွမ်းရာ မွှေးနံ့ သာဖြင့် ကြည်သာမာန်လျှော့ ကန်တော့ပါ၏ ကာကွယ်နိမိတ် ပိတ်ပင်ဆီးတာ မရှိငြားဘဲ၊ိဇ္ဇဓိုရ်နတ်မင်း အများတို့သည် မြင်ကာကြား၍ ကြွရောက် စောင်မ, တော် မူပါစေသတည်း။
ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်တော်ကြီး  ၏ အဘ ဆရာကြီးများ ကန်တော့ရန်း

Next episode worship of the 4 gods guard in the World rule of the  Buddha Sasna will be published.

Subscribe Us

Get free daily email updates!

Follow us!

Post a Comment

 
Top