0

ပထမံ ဗောဓိပလ္လက၊ ဒုတိယဉ္စ အနိမိသံ။

တတိယံ စင်္ကမဉ္စေ၀၊ စတုတ္ထံ ရတနာဃရံ။

ပဉ္စမံ အဇပါလဉ္စ၊ မုစလိန္ဒဉ္စ ဆဋ္ဌမံ။

သတ္တမံ ရာဇာယတနံ၊ သတ္တဋ္ဌာနံ အဟံ နမေ။
သတ္တဌာန ဘုရားရှိခိုး
 ၁။ ပထမံ၊ ရှေးဦးစွာသော။ ဗောဓိပလ္လပက၊ အတောင် တစ်ရာကြီးစွာ မြင့်ခေါင်ဗောဓိညောင်မှ လေးတောင်ထွာစွန်း ဧသာန်ခန်း ၀ယ် ခြူးပန်းခြူးနွယ် အံ့ဖွယ်ရတနာ ဆန်းကြယ်စွာသား သစ္စာလေးဆင့် ပွင်တော်မူရာ ပလ္လင်သာကိုလည်းကောင်း။
၂။ ဒုတိယံ၊ နှစ်ကြိမ်မြောက်သော။ အနိမိသဉ္စ၊ ရွှေညောင်ရွက်စိမ်း ငါးမာရ်ငြိမ်း၍ ရှေ့ယိမ်းမြောက်တွင် ဧသာန်ခွင်ဝယ် ပလ္လင်ရတနာ မာရ်အောင်ရာဟု သကျာဓိပတိ ထွက်ဘုန်းရှိလျှင် မျက်စိမမိုတ် ဖိုလ်စိတ်ရည်ရော် ရပ်တန့်မြော်၍ နေတော်မူရာ အနိမိသာ ရပ်ခန်းဝါကို လည်းကော်း။
၃။ တတိယံ၊ သုံးကြိမ်မြောက်သော။ စင်္ကမဉ္စ၊ ဗောဓိပင်မှ အနိမိသ ဌာနနှစ်ပါး အလည်ကြားတွင် အလျားရှေ့နောက် အခေါက် ခေါက်လျှင် တန့်ထောက်မနား စကြသွား၍ ရွှေဖ၀ါးတော်ကြာ စက်ချရာဟု ရတနာအတိ ၀င်းပြောင်ရှိသား သီရိလျှံဝါ စကြသာ ကိုလည်းကောင်း။
၎။ စတုတ္ထံ၊ လေးကြိမ်မြောက်သော။ ရတနာဃရဉ္စ၊ ဗောဓိပင်မှ သမီပဟု သာလှမြေပြင် ပါရပ်ခွင်ဝယ် ခဲအင်လှစွာ ဘိဓမ္မာကို စိတ်ဖြာခွဲခြင် ဉာဏ်တော်လွှမ်း၍ စူးစမ်းဆင်ခြင် စံပျော်ရွှင်ရာ ရတနာဃရ ကျော်ပေါက်ပြသား ဒေ၀ဖန်ဆင်း ရွှေအိမ်နန်းကို လည်းကောင်း။
၅။ ပဉ္စမံ၊ ငါးကြိမ်မြောက်သော။ အဇပါလဉ္စ၊ ဗောဓိပင်မှ ပုဗ္ဗဒိသာ ရှေ့မျက်နှာ၌ ကောင်းစွာရောက်ရ မြမြသွန်းသွန်း ရွှေရည်ဆမ်းသို့ ရိပ်နန်းဝင်းပြောင် ဆိတ်ကျောင်းညောင်မှ ခြောက်ရောင်ထွန်းပ သုံးလူ့ ဘဟု အေးမြမွေ့ လျော်နေတော်မူမှန်း အရပ်ဆန်းကို လည်းကောင်း။
၆။ ဆဋ္ဌမံ၊ ခြောက်ကြိမ်မြောက်သော။ မုဉ္စလိန္ဒဉ္စ၊ ရွှေ, ငွေ, သန္တာ, နိလ, ပတ္တမြား ငါးပါးအရောင် ၀င်းဝင်းပြောင်သေား ရွှေညောင်တော်ရှေ့ တောင်စပ်ကွေ့တွင် ချမ်းမြေ့မိုးပြင်း ရွာသွန်းခြင်ကို ရေမန်းနဂါး ပါးပျဉ်ကာ၍ ချမ်းသာရိပ်မြုံ ပျော်ပိုက်ထုံသည် မုဉ္စလိန္ဒာရွှေကြာနံ့လှိုင် ပန်းစုံအိုင်ကိုလည်းကောင်း။
၇။ သတ္တမံ၊ ခုနစ်ကြိမ်မြောက်သော၊ ရာဇ ယတနဉ္စ၊ ရတနာသီရိ ဗောဓိပင်ဝန်း တောင်ရပ်စွန်းတွင် လင်းလွန်းမြညို ပင်ရိပ်ခို၍ ဗြဟ္မာစိုရ်လေးစုံ တရားထုံလျက် သုံးဘုံသေဋ္ဌ်နင်း တရားမင်း၏ ပျော်ခင်းစံရာ ရတနာဃရ ရပ်ဇေယျကိုလည်းကောင်း။ ဣတိသတ္တဋ္ဌာနံ၊ ဤသို့မြတ်စွာ ထင်အပ်ရာသား ရတနာထူးလည် ရပ်ခုနစ်မည်ကို။ အဟံ၊ တပည့်တော်သည်။ နမော-နမာမိ၊ ကုမုဒြာ ရွှေကြာပွင့်ငုံဆယ်ချောင်းရုံလျက်၊ ကြည်ယုံမြတ်နိုး ဦးထိပ်မိုး၍ ရှိခိုးပါ၏ အရှင်းဘုရား။
Subscribe Us

Get free daily email updates!

Follow us!

Post a Comment

 
Top