0
တရာတောင်း
LLLLL
တရားတောင်း။
သြကာသ၊ သြကာသ၊ ရတနာမဉ္ဇူ   ကျွန်းဇမ္ဗူ၌ မည်ခေါ်တွင်မှတ် ဘဒ္ဒကပ်ထက် အချာထိပ်ဖျား ဘုရားငါးဆူ ပွင့်တော်မူ၏ ကျွနှုပ်ဖူးရ ရှင်ချစ်မြတ်လှ ဂေါတမ၏ ထားခဲ့သာသနာ ငါးထောင်သာ၌ အရိယာရှင်လူ ခပ်သိမ်းသူတို့ ဆုယူမြတ်ခိုင် မဂ်ဖိုလ်အိုင်ကို တိုင်တိုင်ရောက်လို ကုသိုလ်ဒါန သီလသစ္စ မြတ်ရာဆည်းကပ ပရိသတ်သုံးပါး  ယောက်ျားမိန်းမ ဟူသမျှတို့ အားလုံးဒါယကာ တောင်းပန်ပါသည် မြတ်စွာဘုရား ဟောငြားသံကျော် တရားတော်ကို နားတော်တဲ့တဲ့ မလဲ့မစောင်း ရူပေါင်းအစုံ မတုံမလှုတ် ပုဆစ်တုတ်လျှက် လက်အုပ်ရိုးစုံ ရွှေကြာငုံအသွင် နဖူးပြင်ထက် တင်လျှက်ရှိခိုး အကျိုးလည်းရ အပါယ်မလား ဘုံသုံးပါတွင် အလားအလာ လူရွာနတ်ဘုံ ဖြစ်ပြန်တုံလည်း သခင်ဘုရား ထားခဲ့နာပျော် ဗျာဒိတ်တော်အထွဋ် တရားမြတ်ကို သာသနာတော် စောင့်တတ် ရှင်ချစ်မြတ်လှ ပရိတ်သတ်များကို နှုပ်လွှတ် ဟောကြားတော်မူပါ အရှင်ဘုရား။

------ အရှင် ဝဏ္ဏသီရိ

အလုံ သာဓု ခေကြားပါ
Subscribe Us

Get free daily email updates!

Follow us!

Post a Comment

 
Top