0
ကမ္ဘာပေါင်းရှစ်သောင်းလေးထောင် သိကြားမင်း ဖြစ်ရခြင်း၊
ကမ္ဘာပေါင်းရှစ်သောင်းလေးထောင် စကြာဝတေး မင်းဖြစ်ရခြင်း၊
ကမ္ဘပေါင်းရှစ်သောင်းလေးထောင် ဧကရာဇ်မင်းဖြစ်ရခြင်း၊
ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင် ပဒေသရာဇ်မင်း ဖြစ်ရခြင်း၊
ကမ္ဘာပေါင်းမရေတွက်နိုင်အောာင် သူဋ္ဌေးဖြစ်ရခြင်း၊
ကမ္ဆ္ဘာပေါင်းမရေတွက်နိုင်အာင် သူကြွယ်ဖြစ်ရခြင်း၊
ကိုးအသင်္ချေတိုင်အောင် အာကာသစိုးနတ်ဖြစ်ရခြင်း၊
ကိုးအသင်္ချေတိုင်အောင် စတုမဟာရာဇ်နတ်ဖြစ်ရခြင်း၊
ကိုးအသင်္ချေတိုင်အောင် တာဝတိံသာနတ်ဖြစ်ရခြင်း၊
ကိုးအသင်္ချေတိုင်အောင် ယာမာနတ်ဖြစ်ရခြင်း၊
ကိုးအသင်္ချေတိုင်အောင် တုသိတာနတ်ဖြစ်ရခြင်း၊
ကိုးအသင်္ချေတိုင်အောင် နိမ္မာနရတိ နတ်ဖြစ်ရခြင်း၊
ကိုးအသင်္ချေတိုင်အောင် ပရနိမ္မိတ ဝဿဝတီ နတ်ဖြစ်ရခြင်း၊
မြတ်သော ကြွယ်ဝသောအမျိုး၌ဖြစ်ရခြင်း၊
ယုတ်သော အမျိုး၌ မဖြစ်ရခြင်း၊
မြတ်သောသူတို့နှင့် ပေါင်းဖေါ်ရခြင်း၊
ယုတ်မာသော သူတို့နှင့် မပေါင်းဖေါ်ရခြင်း၊
ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံခြင်း၊
ယုတ်သော ကိုယ် မဖြစ်ရခြင်း၊
ပြေပြစ်သောစကားရှိခြင်း၊
ကြမ်းကြုတ်သော စကားမရှိခြင်း၊
ခပ်သိမ်းသော လက္ခဏာနှင့် ပြည့်စုံခြင်း၊
ခပ်သိမ်းသော ကာမဂုဏ်နှင့် ပြည့်စုံခြင်း၊
အပါယ်လေးပါးသို့  မကျရခြင်း၊
အဆုံးစွန်သော ဘဝတို့ ၌ ဘုရားဖြစ်ရခြင်း။
ပိဋကတ်စာပေလှူရသောအကျိုး ၂၅ ပါး

Share လုပ်ခြင်းဖြင့် ကုသိုလ်ယူ
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ


Edited: အရှင် သုမင်္ဂလ
Subscribe Us

Get free daily email updates!

Follow us!

Post a Comment

 
Top