0

ဩကာသ၊ ဩကာသ၊ ဩကာသ၊ ကာယကံ၊ ၀ဇိကံ၊ မနောကံ၊ ဤကံသုံးပါးတို့ အားဖြင့် သဗ္ဗဒေါသံ ခပ်သိမ်းသော အပြစ်များ အပေါင်းတို့ လက်မှာ ကင်းလွတ် ပျောက်ပါစေချင်ခြင်း၊ လွတ်ပါစေချင်ခြင်း အကျိုးလိုငှါ၊ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရား ရတနာ၊ တရား ရတနာ၊ သံဃာ ရတနာ မိဘ ဆရာသမား တို့အား အရို အသေ အလေးအမြတ်၊ လက်အုပ်မိုး၍ ရှိခိုး ပူဇော်၊ ဖူးမြောက်မာန်လျှော့၊ ကန်တော့်ပါ၏ အရှင်ဘုရား။
 
ဤသို့ ရှိခိုး ပူဇော် ဖူးမြောက်မာန်လျှော့ ကန်တော့ရသော အကျိုးအာဖြင့်၊ အပါယ်လေးပါး ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဘေးရှစ်ပါး၊ ဒါန်ဆယ်ပါး အနာမျီုးကိုးဆယ်ခြောက်ပါး ရောဂါဘေးအန္ဒရာယ် အပေါင်းတို့ လက်မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်းဖြစ်၍ သဒ္ဓါသီလ သုတဇာဂ ပညာဟိရိ ဩတပ္ပတည်းဟူသော သူတော်ကောင်းဥစ္စာ ရတနာ ခုနစ်ပါးတို့နှင့် ကိုယ်၌ အမြဲတည်၍ နောင်လာလတ္ထံသောအခါ ကေတုမတိ အမည်ရှိသော ရာဇဋ္ဌာနေ မင်းနေပြည်ကြီးရပ်၌ ပတ္တမြား ပလ္လင် စိန်ခက်ညွန့်ရှင် ကံ့ကောင်ပင်ရင်း၌ အောင်မြင်သစ္စာ လူတွင်ထင်ရှား အရိမေတ္ထိယ မြတ်စွာဘုရားထံ၌ ကိုယ်တိုင်ကိုမြတ် တရားဦးကို နာရ၍ အဆုံးစွန်သော ဘ၀၌  မဂ်ဉာဏ် ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို ရောက်ရပါလို၏ အရှင်ဘုရား

Subscribe Us

Get free daily email updates!

Follow us!

Post a Comment

 
Top