ဤသို့ပြုရ မြတ်ပုညကို၊
ကြီးထက်မြင်ခေါင်၊ မြင်းမိုရ်တော်ဦး၊ မကကြူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊
ရငြားပါစေ၊ အမျှဝေ၏။
မသွေနိစ္စ၊ ဤကာယကို၊
စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။
မိတ္တဆွေဉာ၊ ဆရာသမား၊
ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေ၀ါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊
အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။
ဆုတောင်း အမျှဝေ | Photo: Buddha Statue Korea |
သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊
နာနာလောက၊ အနန္တတွင်၊ မပြတ် စဉ်ကာ၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဒိဋ္ဌိ၊ တည်ရှိခုနစ်ပါး၊
များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှ ကုသိုလ်၊ ပေးဝေလို၏။
ထိုကုသလ၊ ဤပုညကို၊
အမျှရကြသည်၊ ဖြစ်စေသောဝ်။
ဝသုန္ဒရေ၊ ဤမြေပံသု၊
သီလထုလည်း၊ သက်သေအမှု တည်စေသောဝ်၊
အမျှ-အမျှ ပေဝေပါ၏-အမျှ
ရကြာသည် ဖြစ်စေသောဝ်။
သာဓု-သာဓု-သာဓု။
Post a Comment